ကျွန်ုပ်တို့အကြောင်း

  • ShweCar Logistics မှ ကြိုဆိုပါတယ်…
  • ShweCar Logistics တွင် မြန်မာနှင့်ထိုင်းနိုင်ငံကြားမှာ ကွန်ယက်ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လုံခြုံအဆင်ပြေသော ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုများကို ရရှိစေရန် ကတိပြုပါသည်။
  • ShweCar Logistics သည် မြန်မာ-ထိုင်း နိုင်ငံကြား ကုန်စည်ပို့ဆောင်ပေးသော ဝန်ဆောင်မှုများကို အဆင့်မြင့်စွာ လည်ပတ်လျက်ရှိသော ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဓိကလုပ်ငန်းများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ အထူးလုပ်ငန်းလမ်းကြောင်းပေါ်တွင် တည်ရှိသော ဂိုဒေါင်များမှ အဓိကလုပ်ဆောင်ပေးနေပါသည်။ ထိုအချက်များကြောင့် ဧည့်သည်များရဲ့ ကုန်ပစ္စည်းများကို သတ်မှတ် မျှော်မှန်းထားသော အချိန်အတိုင်း မှန်ကန်စွာ စီစဉ်ပေးနိုင်ပြီး ဖောက်သည်တစ်ဦးချင်းစီရဲ့ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ

  • သိုလှောင်မှု – ကျွန်ုပ်တို့၏ခေတ်မီ ဂိုဒေါင်များသည် ကုန်ပစ္စည်းအမျိုးမျိုးကို ကိုင်တွယ်နိုင်ပြီး လုံခြုံစိတ်ချစွာသိုလှောင်ထားနိုင်ပါသည်။
  • အခမဲ့ဝယ်ယူမှု– ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိဖောက်သည်များအတွက် အခမဲ့ဝယ်ယူမှု ဝန်ဆောင်မှုများကို ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံများမှ (Shopee, lazada,Taobao, Pinduoduo နှင့် Alibaba ကဲ့သို့သော လူကြိုက်များသော ပလက်ဖောင်းများကို)အသုံးပြု၍ ကုန်ပစ္စည်းများအား ဝယ်ယူပေးနေပါသည်။
  • ပရော်ဖက်ရှင်နယ် တင်သွင်းမှု – ကျွန်ုပ်တို့၏ ကျွမ်းကျင်သော ဝန်ထမ်းများသည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ငွေလဲ , ငွေလွှဲ ခြင်း ကိစ္စရပ်များကို ဆောင်ရွက်ပေးခြင်း, ပို့ဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းပေးခြင်း, ဧည့်သည်များအတွက် ကုန်ပစ္စည်း တင်သွင်း ပံ့ပိုးပေးခြင်း ဝန်ဆောင်မှုများကို ပေးနေပါသည်။
  • စည်းမျဉ်းစည်းကမ်းများနှင့် လုံခြုံရေး – ကျွန်ုပ်တို့သည် ဥပဒေနှင့်မလွတ်ကင်းသော ကုန်ပစ္စည်းများကို တင်သွင်းမပေးပါ။ ဥပဒေအရ တားမြစ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ပါသည်။ အထူးသဖြင့် တယ်လီဖုန်းလိမ်လည်မှု ကိရိယာများ၊ ဝေါ်ကီတော်ကီစက်များ၊ ဆေးဝါးများနှင့် ၎င်းတို့၏ နမူနာများ၊ ဒရုန်းနှင့်ဆက်စပ် ပစ္စည်းများစသော ကိရိယာများ, လက်နက် နှင့်ဆက်စပ်ပစ္စည်းများ(သို့မဟုတ်) လက်နက်နှင့် ဆင်တူသော ပစ္စည်းများ တင်သွင်းခြင်းကို ပြင်းထန်စွာ တားမြစ်ထားပါသည်။