မြန်မာပြည်မြောက်ပိုင်းလမ်းများပိတ်တဲ့အတွက်ကြောင့် ပစ္စည်းအားလုံးကို အခြားလမ်းကြောင်းကနေ ပို့ဆောင်သွားမှာဖြစ်ပါတယ်။

မြန်မာပြည်မြောက်ပိုင်းလမ်းများပိတ်တဲ့အတွက်ကြောင့် ပစ္စည်းအားလုံးကို အခြားလမ်းကြောင်းကနေ ပို့ဆောင်သွားမှာဖြစ်ပါတယ်။ ကျိုင်းတုံ-တောင်ကြီး စသည့် မြို့တွေကဖြတ်ပီးတော့ ပို့မှာ ဖြစ်ပါတယ်။ နယ်စပ်လမ်းကားပိတ်မှုများကြောင့် ပစ္စည်းရောက်ချိန်နောက်ကျတာမျိုးလည်းရှိနိုင်ပါတယ် ။ ပုံမှန်အားဖြင့် ၂ ပတ်လောက် ကြာနိုင်ပါတယ်။ အချိန်အတိအကျလိုအပ်တဲ့ ဖောက်သည်များအနေဖြင့် ကျွန်တော်တို့ဂိုဒေါင်ကိုပစ္စည်းပို့လို့ အဆင်ပြေမှာမဟုတ်ပါဘူး။ အချိန်အတိအကျမရောက်နိုင်တာမျိုးဖြစ်ပေါ်လာလျှင် သည်းခံပေးပါရန် မေတ္တာရပ်ခံပါတယ်။ ဘက်ထရီအမျိုးမျိုး၊ လေယာဉ်သုံးပစ္စည်းများ၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများ ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မိုဘိုင်းဖုန်းအပိုပစ္စည်းများကိုလည်း လုံးဝ လက်ခံ ပို့ဆောင်ပေးခြင်း မပြုပါ။ အကယ်၍ တရားမဝင်ပစ္စည်းများအား လက်ခံရရှိပါက ကျွန်တော်တို့အနေဖြင့် (လုံးဝ)တာဝန်ယူမှာမဟုတ်ပါ။ ကျွန်တော်တို့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို ဂရုတစိုက်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။