ထိုင်း-မြန်မာ၊ တရုတ်-မြန်မာ ပို့ဆောင်ရေး
ထိုင်း-မြန်မာ၊ တရုတ်-မြန်မာ ပို့ဆောင်ရေး

SHWECAR CARGO ဆိုတာဘာလဲ

  • SHWECAR CARGO က ထိုင်း-မြန်မာ သို့မဟုတ် တရုတ်-မြန်မာ လမ်းကြောင်းမှာ ပို့ဆောင်ရေးအချိန်နဲ့ ကုန်ကျစရိတ် ချွေတာပေးဖို့အတွက် သီးသန့်စီစဉ်ထားတဲ့ ဈေးနှုန်းသက်သာတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ SHWECAR CARGO ရဲ့ ဈေးနှုန်းက ပိုမိုသက်သာပြီး ပို့ဆောင်ရေးပိုင်းမှာလည်းပဲ ဖောက်သည်အလိုက် ဈေးနှုန်းကွာခြားမှု ရှိပါတယ်။

ဘယ်လို ဝန်ဆောင်မှုတွေပေးလဲ

  • တရုတ်-မြန်မာ ၊ ထိုင်း-မြန်မာ အကြား ပစ္စည်းကုန်ကျစရိတ်ကို ယွမ်ငွေဖြင့်ပေးချေပေးခြင်း၊ ထိုင်းဘတ်ငွေဖြင့်ပေးချေပေးခြင်း ၊ ဒေါ်လာဖြင့်ပေးချေပေးခြင်း စတဲ့ ဝန်ဆောင်မှုများ။
  • တရုတ်-မြန်မာ ၊ ထိုင်း-မြန်မာ အကြား အမြန်ပို့ဆောင်ပစ္စည်း လက်ခံပေးခြင်း။
  • တရုတ်-မြန်မာ ၊ ထိုင်း-မြန်မာ အကြား သင့်အတွက် ကိုယ်ပိုင်သိုလှောင်ရုံတစ်ခုအဖြစ်ထားရှိပေးထားပါတယ် ၊ အခမဲ့ ၁၅ ရက် သိုလှောင်ခြင်း ဝန်ဆောင်မှု ပေးထားပါတယ်။

ဘယ်သူ လျှောက်ထားနိုင်သလဲ

  • ၁၊ ထိုင်းနဲ့ တရုတ်နိုင်ငံများမှ ပစ္စည်းတွေကို မြန်မာနိုင်ငံကို တင်သွင်းဖို့လိုတဲ့ ကုန်သည်များ
  • ၂၊ ထိုင်းနဲ့ တရုတ်ပစ္စည်းတွေကို အွန်လိုင်းကနေ ဝယ်ယူပေးတဲ့ ကုန်သည်များ

ထိုင်း-မြန်မာ ပို့ဆောင်ရေး

SHWECAR CARGO က ဖောက်သည်တွေကို ဘယ်လို စိတ်ကြိုက်ဝန်ဆောင်မှုပေးသလဲ?

  • ပို့ဆောင်ရေးလမ်းကြောင်းရှိပေမယ့် သိုလှောင်ရုံမရှိတဲ့ ဖောက်သည်တွေအတွက်
  • ကျွန်တော်တို့က လက်ခံရယူပေးတာနဲ့ အခမဲ့ ၁၅ ရက် သိုလှောင်နိုင်တဲ့ဝန်ဆောင်မှုကို ပေးထားပါတယ်။ သွင်းကုန် ဝန်ဆောင်မှု မပေးပါဘူး။ ဈေးနှုန်းကို အထုပ်အရွယ်အစားအလိုက် တွက်ပါတယ်။ တစ်ထုပ်လျှင်အနည်းဆုံး ထိုင်းဘတ်(၁၀)ဘတ် ဖြစ်ပါတယ်။
  • ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများ – ထိုဒေသများရှိ ဖောက်သည်များသည် တစ်ဖက်နိုင်ငံဘက်ခြမ်းတွင် ၄င်းတို့၏ ကိုယ်ပိုင် သိုလှောင်ရုံ မရှိသကဲ့သို့ နယ်စပ်မှ သွင်းကုန်အတွေ့အကြုံ နှင့် လမ်းကြောင်းများလည်း မရှိကြတဲ့အတွက် ထိုဖောက်သည်များကို ထိုင်းဘတ်ငွေဖြင့် လဲလှယ်၍ ဝယ်ယူပေးချေခြင်းများ ဆောင်ရွက်ပေးပါသည်။ ပစ္စည်းလက်ခံပြီးနောက် ပစ္စည်းများကို မြန်မာပြည်တွင်းရှိ ရွှေတောင်ရိုး ကားဂိတ် ၊ ဒို့ညီနောင် ကားဂိတ် ၊ မိုးကောင်းကင်ကားဂိတ် စသည့် Bus ကားလိုင်းများမှတဆင့် ဖောက်သည်တို့၏ သတ်မှတ်ထားသောနေရာသို့ ပို့ဆောင်ပေးပါသည်။ ဈေးနှုန်းကို အလေးချိန်နှင့် အထုပ်အရွယ်အစားအလိုက် တွက်ချက်ပါသည်။ SHWECAR ၏ ဝန်ဆောင်ခတွင် မြန်မာပြည်တွင်း ပို့ဆောင်မှု ကုန်ကျစရိတ် မပါဝင်ပါ။